31 C
Yangon

ရွှေဘို၊ ဇီးဖြူကုန်းရွာကို ဆိုင်ကယ်ဖြင့် ပြန်လာသည့် စစ်သားနှင့် ပျူစောထီးတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရွှေဘို၊ ဇီးဖြူကုန်းရွာကို ဆိုင်ကယ်ဖြင့် ပြန်လာသည့် စစ်သားနှင့် ပျူစောထီးတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာကို ဆိုင်ကယ်ဖြင့် ပြန်လာသည့် စစ်သားနှင့် ပျူစောထီးတို့ကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံး​ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ် ငစိုးနှင့် ပျူစောထီးအဖွဲ့ဝင် ဝေဠုတို့သည် ညောင်းကိုင်ပျူကျေးရွာမှ စစ်သားများ တပ်စွဲထားသော ဇီးဖြူကုန်းရွာကို ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ဂျိုးမြေဇင်းရွာနှင့် မြို့လှရွာ အကြား ဦးသန်းမြင့် ခြံအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဝေဠု ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းမိလို့ ခွေးတပ်ကြပ်ကြီး ငစိုးက ခြေထောက်ပြတ်ထွက်သွားပြီး ဆေးရုံတင်ထားရတယ်။ စိုးရိမ်ရတယ်လို့ သိရတယ်။ ပျူခွေး ဝေဠုကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံး သွားတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (😭.T)- SHWEBO (LPDF)အဖွဲ့ ၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article