27 C
Yangon

လောင်းလုံးတွင် PTTနှင့် PTTEP တံဆိပ်ပါ ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြော

Must read

လောင်းလုံးတွင် PTTနှင့် PTTEP တံဆိပ်ပါ ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြော

ရန်ကုန်၊ မတ် ၄

လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီဝင်များမှ ယနေ့ မတ်လ ၄ ရက်နေ့တွင် PTTနှင့် PTTEP တံဆိပ်ပါ ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။

PTTEPနှင့် PTT သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ‌ဒေါ်လာသန်းပေါင်းများစွာ ‌ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင် ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article