31 C
Yangon

ဝက်လက်တွင် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မင်းကင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာသဖြင့် စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက် ခိုက်

Must read

ဝက်လက်တွင် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မင်းကင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာသဖြင့် စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက် ခိုက်

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ် ရွာသာကြီးရွာ မှ စိုင်နိုင်ကြီးရွာသို့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

” မိုင်း ၁၀လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၂ ကောင် သေတယ်။ ဒဏ်ရာ ရရှိသူ အများအပြား ရှိနိုင်တယ်။ ဆေးရုံမှာ တွေ့မြင်ခဲ့ရတဲ့သူတွေဆီက ပြော ပြချက်အရ သိတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းတပ်ခွဲ၁ နှင့် ဒေသ ပကဖ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်း ဒေသတွင်း PDF တပ်ဖွဲ့ သတင်းရင်းမြစ်ထံမှ သိရသည်။

မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်းကင်းမြို့နယ်၊ ကပြစ်ရွာရှိ ရွှေမျောများကို မီးရှို့ပြီး ပြန်လာသည့် မော်လိုက်အခြေစိုက် ၃၆၅ တပ်မှ စစ်သားများသည် ကလေးဝ ဘက်သို့ စစ်ကြောင်းထိုးလာစဥ် တောင်တွင်းချောင်း ကျေးရွာအုပ်စု၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်တွင်းချောင်း ကျေးရွာအုပ်စုအတွင်းသို့ Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ အချိန်မှီ တိမ်းရှောင်နိုင်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

” ကပြစ်ရွာမှာရှိတဲ့ ရွှေမျောတွေက စစ်ခွေး G1 အဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး သီဟဝင်းနဲ့ ရှယ်ယာအတူ လုပ်တဲ့ ဇော်မင်းဆိုတာရှိတဲ့ သူက G1 ဆီက သိန်း ၆၀၀၀ ကျော်လိမ်သွားလို့ G1 က ရွှေမျောတွေကို မီးရှို့ခိုင်းတာ။ အဲကနေ မီးရှို့ပြီး ပြန်လာတဲ့ စစ်ခွေးကြောင်းနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာ။ စစ်ခွေးတွေ သေဆုံးမှုများနိုင်တယ်။ Mi 35 ရဟတ်ယာဥ် ၁ စီးနဲ့ လှည့်ပတ်ပစ်ခတ်သွားတယ်။ အချိန်မှီရှောင်နိုင်လို့ ဒဏ်ရာရသူ မရှိဘူး” ဟု ဒေသတွင်း PDF တပ်ဖွဲ့ သတင်း ရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article