28 C
Yangon

ဝက်လက်တွင် စစ်တပ်ကို ၂ ရက် ဆက်တိုက် မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၄ ဦးသေဆုံး

Must read

ဝက်လက်တွင် စစ်တပ်ကို ၂ ရက် ဆက်တိုက် မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက် ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မုဆိုးခြုံ ဘူတာရွာ မှ ထွက်ခွာလာသော ရွှေဘို ခလရ ၄၂၊ ခမရ ၃၆၄မှ စစ်သားများနှင့် ပျူစောထီး အဖွဲ့ဝင် အင်အား ၈၀ ခန့်သည် အလယ်ကိုင်းရွာ သို့ ဝင်ရောက်၍ အောင်ချမ်းသာ ကျေး ရွာဘက်သို့ ထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်း မိုင်း ၂ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ် များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကာ ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်သားများက ဟံလင်းကျေးရွာ တောင်ဘက်ပိုင်း မှ ထွက်လာပြီး ကာကွယ် ရေး တပ်ဖွဲ့များကို မူးဘောင်ပေါ်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များစက် လက်များဖြင့် လာရောက် ပစ်ကူခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ချမ်းသာကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အောင်ချမ်းသာကျေး ရွာ ၏ အနောက်ဘက် မူးဘောင်အရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်း မိုင်း ၃ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သခွတ်တောကျေးရွာဘက်သို့ ထမ်းစင် ၅ ခုဖြင့် ထွက်ခွာလာချိန် သခွတ်တောကျေးရွာအဝင်၌ ကာကွယ်ရေး တပ်ဖွဲ့များမှ စနိုက်ပါဖြင့် ၂ ချက်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ ရက်ဆက် တိုက်ခိုက်မှုကို ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့ (ဝက်လက်)၊ နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့ (တပ် ခွဲ ၄ )၊ လျှပ်စီးပျောက်ကျားတပ်ဖွဲ့ ( တပ်ခွဲ ၃ )၊ ဇာမဏီ ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း နတ်တောင်နဂါး ပြောက် ကျားတပ် ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article