33 C
Yangon

ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးနိုင်

Must read

ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးနိုင်

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ မတ်လ ၅ ရက်​နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် ကန်ထူးရွာ၊ သရက်ကြီးရွာတို့ကို ဝင် ရောက် ပြီးနောက် ပြန်လည်ထွက်လာရာ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာတယ်၊ စနိုက်ပါအနေနဲ့က စစ်ခွေးနှစ်ကောင်သေတာ အတည်ပြုလို့ ရတယ်၊ ကျန် ၇ ဦးကျော်က လဲကျသွားတာတွေ၊ မသေတောင် အပြင်းအထန်ဒဏ်ရာရတာပါ၊ အခု လက်ရှိ အဲဒီစစ်ခွေးတွေက ဘုရားပြန်ရွာမှာပဲ ရှိနေကြသေးတယ်” ဟု Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် (၄) တပ်ရင်း (Special Attacking Force-Upper Burma-SAF)၊ အမှတ်(၃)တပ်ရင်း၊ Generation Z Power၊ ၀လမင်းသားကြီးအဖွဲ့၊ 96 Soldiers အဖွဲ့တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article