28 C
Yangon

ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျ

Must read

ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မတ်လ ၁ ရက်နေ့ နံနက်ပိုင်း မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ က်နေ့တွင် စစ်တပ်က ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာကျေးရွာသို့ ဝင်ရောက်လာပြီး မီးရှို့မှုများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် မတ်လ ၁ ရက်နေ့တွင် ဘိုတဲကျေးရွာကို ဆက်လက် မီးရှို့ခဲ့ကြောင်း ၊အလားတူ မတ်လ ၁ ရက်နေ့တွင်ပင် အောင်ချမ်းသာကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ဘိုတဲကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှ၊ မုဆိုးခြုံဘူတာကျေးရွာမှ ဦးမြဝင်းတို့မှာ စစ်တပ်က မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“မုဆိုးခြုံက အိမ်ခြေ ၅၀ နီးပါး။ ဘိုတဲက အိမ်ခြေ ၁၀ လုံးနီးပါး။ အောင်ချမ်းသာကျေးရွာက အိမ်ခြေ ၂၀၀ လောက် ပြာကျသွားပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၀၀ နီးပါး ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၃ ရက်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သိရှိရသည်။

” စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဝက်လက်နယ်ကို စစ်ခွေးစစ်ကြောင်း ၄ ကြောင်း အလုံးအရင်းနဲ့ ပတ်လည်ဝိုင်းဖိနေတယ်။ အခြေအနေဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article