26 C
Yangon

ဝက်လက်ရှိ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုရှိ ဘုန်းဘွဲရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆၅ လုံးနှင့် စပါးတင်းပေါင်း ၁၀,၀၀၀ မီးလောင်ပျက်စီး

Must read

ဝက်လက်ရှိ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုရှိ ဘုန်းဘွဲရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆၅ လုံးနှင့် စပါးတင်းပေါင်း ၁၀,၀၀၀ မီးလောင်ပျက်စီး

ရန်ကုန်၊ မတ်် ၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီးကျေးရွာနှင့် စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုမြို့နယ်ရှိ ဘုန်းဘွဲ့ရွာတို့ကို အကြမ်းဖက်စစ်ကောင်စီမှ မတ်လ ၃ ရက်နေ့တွင် ဝင်ရောက်၍ ပြည်သူနေအိမ်် ၁၆၅ လုံး နှင့် စပါးကျီများကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စိုင်နိုင်ကြီး ကျေးရွာသို့ ဝင်ရောက်၍ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်မှုပြုကာ စပါးကျီများနှင် ပြည်သူ့နေအိမ် ၅၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် စိုင်နိုင်လေးကျေးရွာဘက်သို့လည်း ခြေလျှင်စစ်ကြောင်းဖြင့် ထပ်မံစစ်ကြောင်းထိုး၍ ပြည်သူ့နေအိမ် ၉ လုံးကို ထပ်မံမီးရှို့ ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“စပါးကျီတွေ မီးရှို့ထားခဲ့တာပါ။ စပါးတင်းရေ ၁၀,၀၀၀ လောက် မီးထဲပါသွားတာပါ။ ဒုန်းဝင်ပြီး ပစ်ပစ်ရှို့ရှို့လုပ်သွားတာပါ။ နှစ်ရွာလုံးရဲ့ စပါးတွေပါ။ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာကိုလည်း အိမ်ခြေ ၁၀၀ ခန့် မီးရှို့သွားပါသေးတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။

စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးအဖွဲ့များက မတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရွှေဘိုမန်းလေးလမ်းကြောအတိုင်းတွဲကားဖြင့် မြောက်သို့ မောင်းနှင်လာသော(စကစ)ကားကို သားနားကျေးရွာနှင့်စိုင်နိုင်ကွေ့ကြားတွင် ပဒေသာမိုင်း ၅ လုံး ၁ပွိုင့်ဖြင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)များမှပထမအကြိမ်ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ပိုင်းထိမှန်ခဲ့ကာ စိုင်နိုင်ကြီးရွာဘက်သို့ မောင်းနှင်ပြေးသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် စိုင်နိုင်လေး ကျေးရွာမှ မြောက်ဘက်ဘုန်းဘွဲ့ကျေးရွာ(ရွှေဘိုမြို့နယ်)ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို စိုင်နိုင်လေးနှင့် ဘုန်းဘွဲ့ကြား မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များမှ ဒုတိယအကြိမ် ပဒေသာမိုင်း ၁၂ လုံးဖြင့် ၃ပွိုင့်ခွဲ၍ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင် ၅ ဦးသေကာ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပ.က.ဖ)၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ် ရေးတပ်ခွဲ(ပ.က.ဖ)၊ ဇာမဏီသွေးပြည်သူ့ကာကွယ် ရေး တပ်ခွဲ (ပ.က.ဖ)၊ နဂါးမင်းပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ)၊ အောင်ဘော်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌မဟာမိတ်ပြည်သူ့ကာကွယ်ရေအဖွဲ့(ပ.က.ဖ)ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article