30 C
Yangon

ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်

Must read

ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

“ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး သပြေ သာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေ ရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင် သောင်း ကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင် ပြည်သူ များ ထွက်ပြေးနေရသည်မှာ ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ စစ် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ‌ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” ကျနော့်အိမ်မှာရှိတဲ့ လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ ၂ ဦး အိမ်ထဲမှာ အသတ်ခံရ တယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါ တယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရ တဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာ နသို့ ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက် ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ ၆ ရွာ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ ‌စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article