36 C
Yangon

ဝက်လက်၊ သမ္မာရိုးရွာမှ အဘွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီ

Must read

ဝက်လက်၊ သမ္မာရိုးရွာမှ အဘွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမ္မရိုးရွာရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂၆၉ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အဘွားအို ၁ ဦး ကို မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက သတင်းထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဝက် လက်မြို့နယ်၊ သမ္မရိုးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် ပြည်သူပိုင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီးကာ အဖွားအို ၁ ဦးကို မီးရှို့ သတ် ဖြတ်သွားကြောင်း သိရသည်။

“ဝက်လက်မှာ ဆိုရင် စစ်တပ် စစ်ကြောင်းတွေက ၃ ကြောင်း ၊ ၄ ကြောင်း လောက် နေရာအစုံကို ပြိုင်တူ ထိုးနေတာ။ ရွာတစ်ရွာကို ဝင်ရင် အရင်လို စစ် ကြောင်း တစ်ကြောင်းတည်း ဝင်တာမျိုးမဟုတ်ဘဲ ရွာကို ပတ်ပတ်လည်လည် စစ်ကြောင်းလေး‌ တွေ ခွဲပြီး ဝင်တယ်။ ပြီးတော့ ဝင်တာလည်း အရမ်းမြန်တယ်။ ဘာမှ ယူချိန်မရဘူး။ ရွာဝင်ပြီဆိုရင် လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်။ သူတို့ဝ င်လာတဲ့အချိန် လမ်းမှာ တွေ့သမျှ အကုန်ပစ်တယ်။ သက်ကြီး ရွယ်အို တွေ၊ ကလေးတွေ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည်၊ နာတာရှည် ရောဂါသည် တွေကျတော့အချိန်မီ ပြေးဖို့ခက်တော့ မကြာခဏ ဆိုသလို သတ်ဖြတ်ခံ နေရ တယ်” ဟု ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီနေသူ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာမှ မီးဘေးသင့် ပြည်သူများအတွက် အမိုးအကာ၊ ဝါးများ၊ ထရံများ၊ တိုင်များ ၊ ထန်းရွက်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် ဆန် ၊ ဆီ ၊ ဆား စသည့်စားနပ်ရိက္ခာများ ဒန်အိုး၊ ဒန်ခွက်များ နှင့် ပန်းကန်ပြား များလည်း အရေးပေါ်လိုအပ်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article