32 C
Yangon

သပိတ်ကျင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးကျော် သေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်

Must read

သပိတ်ကျင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးကျော် သေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ရွာနှင့် စဉ့်ကူးမြို့နယ် ချောင်းသလဲရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၅၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် M9 ၄ လုံး၊79 ၄ လုံး၊ ၆၀ မမ ၅ လုံး၊ ရှော့တိုက်ဒုံး ၂ လုံးတို့ဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” သပိတ်ကျင်းနဲ့ စဥ့်ကူး မြို့နယ် အစပ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို မတ်လ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ မိုင်းပေါင်း ၅၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ ၇ ဦးက ပွဲချင်းပြီးသေပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အဲတာက ထုတ်ပြန်ပြီးပြီ အခုထပ်သိရတာ သပိတ်ကျင်းမြို့ နယ် ကျောက်ကြီး ဆေးရုံကို ပို့ထားတဲ့ ဒဏ်ရာရ စစ်ခွေး ၃၀ ကျော်ထဲက စစ်ခွေး ၂၀ ဦးထပ်သေတယ်လို့ သိရတယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက် နက်ကြီး၊ လက် နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သောကြောင့် နွား ၂ ကောင် သေဆုံးကြောင်း၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွှေကျင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို တံခါးသော့များ ရိုက်ဖွင့်ကာ တန်ဖိုးရှိ ပစ္စည်းများကို စစ်သားများက ရှာဖွေယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့၊ စဉ့်ကူး ပ.က.ဖ နှင့် Nine PDF တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဥ် ကျည်ကာဦးထုပ် ၁ လုံး၊ တဘက် ၁ ထည်၊ ၆၀ မမ ဒလက် ၄ ခု၊ ၄၀ မမ ကျည်ခွံ ၂ ခု၊ Pading ကျည် ၁ ခုတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article