31.9 C
Yangon

သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီး

Must read

သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီး

ရန်ကုန်၊ မတ် ၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာ အကြားရှိ ရွှေသတ္တုတူး ဖော်လုပ်ကိုင်နေသည့် ဗိုလ်မှူးမျိုးခိုင်၏ ကျော်ဇောသူ ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး ကုမ္ပဏီနှင့် ရွှေသတ္တုတူး ဖော်ရေး လုပ်ငန်းများကို ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် အကြမ်းဖက် စစ်တပ် ထောက်တိုင် ကုမ္ပဏီ တစ်ခု ဖြစ်ရုံ သာမက စစ်တပ်မှ ဗိုလ်မှူးမျိုးခိုင်ပိုင်ဆိုင်ကြောင်း၊ ၎င်းကုမ္ပဏီမှ လုပ်ငန်းများ လည်ပတ်နိုင်ရန် ဗိုလ်မှူးအောင်ဆန်းဦး(မန်နေဂျာ)နှင့် ဗိုလ်ကြီးမင်းနိုင်(လက်ထောက်မန်နေဂျာ) တို့မှ ဦးစီးလုပ်ကိုင်နေကြောင်း၊ ကုမ္ပဏီ လုံခြုံရေးအတွက် တစ်လလျှင် တပ်စိတ် တစ်စိတ်ကို သိန်း ၃၀ ပေး၍ ခေါ်ဆောင်ကာ ကင်းစောင့်ခိုင်းကြောင်း၊ ပိုင်ရှင် ဗိုလ်မှူးမျိုးခိုင်နှင့် အပတ်စဉ်တူ ဗိုလ်မှူးများလည်း တစ်လလျှင် နှစ်ခေါက်အနည်းဆုံး လာတတ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း ကုမ္ပဏီမှ ကားကြီး ကားငယ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြောင်း သိရှိရသည်။

” စစ်ကောင်စီရဲ့ အမာခံ ထောက်တိုင်ဖြစ်တဲ့ ကျော်ဇောသူကုမ္ပဏီကို ဝင်ရောက် စီးနင်း တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဝင်ရောက် တားစီးချိန်မှာ တာဝန်ရှိသူတွေ ထွက်ပြေးတိမ်း‌ရှောင် သွားလို့ လခစား အလုပ်သမား ပြည်သူများကို ဗိုလ်မှူးပိုင် ကုမ္ပဏီများ၊ စစ်ခွေး ထောက်တိုင် ကုမ္ပဏီများကိုရှောင်ရှားပြီး လုပ်ကိုင်ကြဖို့ အထူးမှာ ကြားခဲ့ပြီး တော်လှန်ရေးကြီး အမြန်ပြီးဆုံးအောင် တတ်နိုင်သည့်ဘက်မှ ပါဝင်တော်လှန်ကြရန် ဟောပြောစည်းရုံးပြောဆိုခဲ့တယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း ကုမ္ပဏီအား တားဆီး ပိတ်ပင်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)နှင့် Nine PDF တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article