26 C
Yangon

သုံးခွမြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

Must read

သုံးခွမြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် သုံးခွမြို့နယ် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အစပ်ရှိ ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာ ကျေးရွာအကြားတွင် PDF-Khayan တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ဒါတောင်ဆက်ဆော်မလို့ဗျ ရဲကားနောက်ကပါလာလို့ မဆော်တော့တာ သေဆုံးသွားတဲ့ ရဲ ၂ ကောင်က သုံးပေါက်ချွန်း နယ်မြေမှာ ပြည်သူများတွေဆီက လိုင်းကြေးကောက်ပြီး လူပါးဝနေတဲ့ကောင်တွေပါ” ဟု PDF-Khayan တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ် နန်းတွင်း တောင်ဘက်ရှိ စစ်းများကို ၂၈ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က လက်ပစ်မိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းတပ်ခွဲ ၁ ဖြစ်တဲ့ Naungyoe Armyနဲ့ ယင်း ၅ တပ်ခွဲ ၃တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article