30 C
Yangon

သံတောင်ကြီးတွင် စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေဆုံး

Must read

သံတောင်ကြီးတွင် စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ မတ် ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တိုက် ခိုက် ရာ ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေ ဆုံး ခဲ့ကြောင်း People Defense Forces Thandaung က သတင်းထုတ် ပြန်သည်။

မတ် ၂ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်၊ ဘိုတဲကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို People Defense Forces Thandaung က တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်တပ်က ရွာအတွင်းရှိ ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး မစိုးရိမ် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ၄၀မိနစ်အချိန် စနိုက်ပါ ဖြင့်သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၆၀၄ တပ်မှ တပ်ရင်းမှူး ဟိန်းဇံထွန်း သေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ကယားကုန်းအောက်တွင် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ၃ပွင့် အရာရှိ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲ၌ တော် လှန်ရေး ရဲဘော် ၁ ဦး လက်နက်ကြီးအစမှန်၍ မစိုးရိမ်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂ ရက်နေ့နှင့် မတ်လ ၄ ရက်နေ့ တိုက်ပွဲများတွင် ခလရ ၆၀၄ တပ်မှ တပ်ရင်း မှူး ဟိန်းဇံထွန်း အပါအဝင် စစ်ကောင်စီ တပ်သား၈ ဦး သေဆုံးပြီး ၃ ပွင့် အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article