36 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်နိုင်ရန် CNA နှင့် YPDF တို့ လက်မှတ်ရေးထိုး ပူးပေါင်း

Must read

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်နိုင်ရန် CNA နှင့် YPDF တို့ လက်မှတ်ရေးထိုး ပူးပေါင်း

ရန်ကုန်၊ မတ် ၂၂

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယော ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၂၁ ရက် နေ့က ချင်းအမျိုးသားတပ်မတော် (CNA)ဌာချုပ် Victoria Base တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“အဓိက ကတော့ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်ရာမှာ နယ်မြေချင်းထိစပ်နေတဲ့ တိုင်းရင်းသား အချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါဗျ၊ နောက်ပြီး သူတို့က တော်လှန် ရေး အတွေ့အကြုံသက်တမ်း ၃၅ နှစ်ပြည့်ပြီ။ ကျနော်တို့က အခုမှ ၂ နှစ်သားပဲ ရှိသေးတယ်၊ အဲဒီအတွက် အတွေ့အကြုံရှိ တဲ့သူကို ဆရာတင်ပြီးပူးပေါင်းဆောင်ရွက်ကြတဲ့ သဘောပါပဲ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦး‌ဆောင်ကော်မ တီ ဥက္ကဌ ရဲဘော်ယောလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၎င်းတို့ တပ်ဖွဲ့ နှစ်ဖွဲ့သည် နွေဦးတော်လှန်ရေး ကာလပြီးဆုံးချိန်အထိ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ် တော်လှန်ရန်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရန်တို့အတွက် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“နောက်တစ်ခုက ယောနဲ့ချင်းဆိုတာ ဟိုးကတည်းက အေးအ တူပူအမျှ နေလာခဲ့ကြတဲ့သူတွေလည်း ဖြစ်တယ်၊ စစ်ရေးဆိုင် ရာကိစ္စရပ်တွေကို သူတို့ရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုး လွတ်မြောက်ရေးကို ပူးပေါင်းလုပ်ဆောင်ကြတာပါ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article