36 C
Yangon

အကြမ်းဖက်စစ်အုပ်စုနှင့် စစ်အုပ်စု အလိုတော်ရိနောက်လိုက်များမှ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံဆော်နေဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ပြော

Must read

အကြမ်းဖက်စစ်အုပ်စုနှင့် စစ်အုပ်စု အလိုတော်ရိနောက်လိုက်များမှ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံဆော်နေဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ပြော

ရန်ကုန်၊မတ် ၁၆

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အုပ်စု အလိုတော်ရိ နောက်လိုက်တွေကနေ လူမျိုးရေးဘာသာရေးကို အခြေခံပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံဆော်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

အကြမ်းဖက်စစ်တပ်က နမ်းနိန်ရွာက ပြည်သူ ၂၂ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာမှာ အကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ ပေမယ့် အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အုပ်စု အလိုတော်ရိ နောက်လိုက်တွေက မဟုတ်မမှန် သတင်းထုတ်ပြန် ပြောဆိုကာ လူမျိုးရေးပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတယ်လို့ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

နမ်းနိန်ရွာက အပြစ်မဲ့ ပြည်သူတွေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်ပြီး ကရင်နီလက်နက်ကိုင်တွေက သတ်ဖြတ်လိုက်တယ်လို့ စွတ်စွဲပြောဆိုမှုတွေ ပြဿနာဟာ လူမျိုးတစ်မျိုး နဲ့တစ်မျိုး ကြား အထင်အမြင်လွဲမှားမှုတွေဖြစ်စေပြီး လူမျိုးရေးတင်းမာမှုတွေ ဖြစ်စေနိုင်တဲ့အတွက် ကရင်နီတိုင်းရင်းသား တွေနဲ့ ပအိုဝ်တိုင်းရင်းသားတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ မတရားလုပ်ကြံဖန်တီးသတ်ဖြတ်တဲ့ ဖြစ်ရပ်မှန်တွေကို တစ်နိုင်ငံလုံးကပြည်သူတွေ သိရှိနားလည်ရန် လိုအပ်သလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေး အရေးယူဖို့လည်း လိုအပ်နေတယ်လို့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းခြိမ်းခြောက်တဲ့ အဆင့်မဟုတ်တော့ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှုတွေဖြစ်လို့ ဆွေးနွေးအဖြေရှာရုံမဟုတ်တော့ဘဲ အမြန်ဆုံးအရေး ယူရမယ်ဆိုတဲ့ ကိစ္စတွေဖြစ်လာဖို့ လုပ်ဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ဆေးခဲ့ကြတဲ့ ကရင်နီရဲတပ်ဖွဲ့၊ ကရင်နီဒေသ တာဝန်ခံဆရာဝန်စတဲ့ တာဝန်ရှိသူအသီးသီးတို့က သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article