29 C
Yangon

အင်းတော်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်တပ်က ရွာများကို ရမ်း ကားပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ ၊ စစ်တပ်က ဖုန်းနှင့်ငွေများ လုယက်

Must read

အင်းတော်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်တပ်က ရွာများကို ရမ်း ကားပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ ၊ စစ်တပ်က ဖုန်းနှင့်ငွေများ လုယက်

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်က လမ်းဘေးနေအိမ်နှင့်ရွာများကို ရမ်းကားပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း အင်းတော် Indaw Revolution နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် မော်လူး-နန့်စီးအောင်လမ်းပိုင်းနှင့် မော်လူးအင်းတော်လမ်းပိုင်းတွင် စစ်ကောင်စီကားများကို PDF နှင့် KIA တပ်များက မိုင်းဆွဲပြီး လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း

၊ နန့်စီးအောင်မှ ဆင်းလာသည့် စစ်ကား ၃ ကားကို Tigher Army အဖွဲ့မှ ရှေ့ထွက်မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ရိက္ခာကား ၄ စီးကို မော်လူးနှင့် နဘားကြားတွင် KIA ၊ KPDF ပူးပေါင်းအဖွဲ့ ၃ နေရာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြေင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး စစ်ကောင်စီကားတစ်စီးမှာ နေရာတွင် ထိုးရပ်သွားကြောင်း အင်းတော် Indaw Revolution ၏ အဆိုအရ သိရှိရသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ ၎င်းတို့ သွားရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တုံးလုံရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် နဘားရွာအနီးတွင် လက်နက်ကြီးများနှင့် ၃ နဦရီကြာရမ်းသမ်းပစ်ခတ်ခဲ့မှုကြော့င့် ကမ်းနီရွာရှိနေအိမ်တစ်လုံးနှင့် နန်းမကြိုင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ နဘားရွာရှိ ဆိုင်များကိုလည်း ဝင်ရောက်ရှာဖွေကာ ကားဆရာများထံမှ ဖုန်း ၄ လုံးနှင့် ပိုက်ဆံ ၁၅ သိန်းကို ယူဆောင်သွားကြောင်း သိရှိရသည်။

“ကျနော်တို့က ည၆နာရီကျော်ပြီဆိုတော့ ဆက်မသွားဘဲ နဘားလမ်းဆုံနားက ထမင်းဆိုင်မှာတွေနားပြီး အိပ်နေကြတာ။ ခရီးသည်တွေကလည်းအများကြီး ။အဲဒါ ည ၉နာရီခွဲကြီး စစ်ကားတန်း ဖြတ်တိုက်ခံခဲ့ရတယ် ။ အဲဒါ စစ်သားတွေ စိတ်တွေတိုပြီး နဘားလမ်းခွဲနားမှာ လာသောင်းကျန်းနေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်တွေကိုအကုန်ရမ်းပစ်နေတာ။ နှစ်နာရီတောင် ကျော်မယ်ထင်တယ် ။ ကားတွေ၊ဆိုင်တွေကိုလည်းအကုန်ဝင်မွှေပြီး လိုချင်တာတွေ အကုန်ဝင်ယူသွားတာ။ ကျွန်တော်တို့မှာကြောက်လို့ တစ်ညလုံးတောင် အိပ်မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article