26 C
Yangon

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာဝင်း တိုက်ပွဲတွင် သေဆုံး၊ အလောင်းပြန်မရ

Must read

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာဝင်း တိုက်ပွဲတွင် သေဆုံး၊ အလောင်းပြန်မရ

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာ ဝင်း သည် တိုက်ပွဲ တွင် သေဆုံးသွားကြောင်း မိတ်ဆွေတချို့ထံမှ သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး လိုက်ပါသွားစဉ် သေဆုံးခြင်းဖြစ်ပြီး အလောင်းကို တပ်အစီအစဉ်ဖြင့် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

“အသေးစိတ်တော့ မသိဘူး။ ဗိုလ်ကြီးဇေယျာဝင်းက အရင် ၂၀၁၉ ခုနှစ် လောက် မှာမော်လမြိုင်မှာ။ အဲဒီနောက် ၂၀၂၀ မှာ ကလေးမြို့မှာ တာဝန်ကျ တယ်။ အာဏာသိမ်းတဲ့အချိန်အထိ နမခမှာပဲ ရှိနေတာလို့သိရတယ်။ အခုတော့ စစ်ကိုင်းထဲမှာ တိုက်ပွဲကျတယ်လို့ သိရတာ။ သူ့အမျိုးသမီး ကျောင်းဆရာမ လုပ်တယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

ဗိုလ်ကြီး ဇေယျာဝင်းသည် လျှစ်စစ်ပိုင်းဆိုင်ရာဖြင့် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထား သူဖြစ်ပြီး စစ်တပ် လက်ရုံးတပ်ဖြစ်သော ဆက်သွယ်ရေးတပ်ခွဲတွင်လည်း တာ ဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ လက်ရုံးတပ်များ ရှေ့တန်းပို့စဉ် ၎င်း ပါဝင်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article