26 C
Yangon

အမေရိကန်၊ နိုင်ငံခြားရေးအတိုင်ပင်ခံ NUGရုံးသို့ လာရောက်ပြီး မြန်မာ့အရေး အကူအညီပေးရေး ကိစ္စရပ်များ ဒုဝန်ကြီး၊ ဝန်ကြီးများနှင့်ဆွေးနွေး

Must read

အမေရိကန်၊ နိုင်ငံခြားရေးအတိုင်ပင်ခံ NUGရုံးသို့ လာရောက်ပြီး မြန်မာ့အရေး အကူအညီပေးရေး ကိစ္စရပ်များ ဒုဝန်ကြီး၊ ဝန်ကြီးများနှင့်ဆွေးနွေး

ရန်ကုန်၊ မတ် ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရုံးခန်းသို့ အမေ ရိကန်နိုင်ငံအစိုးရ၊ နိုင်ငံရေးခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က လာရောက်ပြီး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်တို့နှင့် တွေ့ဆုံကာ လက်ရှိမြန်မာ့အရေး အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

Derek Chollet၏ တွစ်တာ လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ မတ်လ ၁၃ ရက် နေ့က အမေ ရိကန်နိုင်ငံအစိုးရ၊ နိုင်ငံရေးခြားရေးဝန်ကြီးဌာနမှ အတိုင်ပင်ခံ Derek Chollet ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာပြည်အခြေအနေ များ၊ အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်များနှင့် အကူအညီပေးအပ်နိုင်မည့် ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြောင်း သိရှိရသည်။

“NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လို တိုး မြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်”ဟု အမေရိကန်၊ နိုင်ငံရေး အတိုင်ပင်ခံ Derek Chollet က တွစ်တာလူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article