40.9 C
Yangon

အိုးဘိုထောင်တွင် နိုင်/ကျဉ်းသူများကို အိပ်ဆောင်ထဲအထိ ဝင်ရောက်ရိုက်နှက်သည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေ၊ တရားဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရှေ့နေများပါ ခြိမ်းခြောက်ခံနေရ

Must read

အိုးဘိုထောင်တွင် နိုင်/ကျဉ်းသူများကို အိပ်ဆောင်ထဲအထိ ဝင်ရောက်ရိုက်နှက်သည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေ၊ တရားဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရှေ့နေများပါ ခြိမ်းခြောက်ခံနေရ

ရန်ကုန်၊ မတ် ၇

မန္တလေး၊အိုးဘိုထောင်မှာ နိုင်ငံရေး အကျဉ်းသူတွေကို အိပ်ဆောင်ထဲအထိ ဝင်ရောက်ရိုက်နှက်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေကာ တရားဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရှေ့နေများပါ ခြိမ်းခြောက်ခံနေရကြောင်း သိရှိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မန္တလေးအိုးဘိုထောင်အတွင် နိုင်ငံ ရေးအကျဉ်းသူများ ကို အမျိုးသားထောင်ဝါဒများက အိပ်ဆောင်ထဲထိ ဝင်ရောက် ရိုက်နှက်ခံနေရတဲ့ အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတာတွေလည်း ရှိနေတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေသူများကပြောပါတယ်။

ပြဿနာ ဖြစ်ပွားခဲ့တဲ့ အဆောင် နှစ်ခုက နိုင်ငံရေးအကျဉ်း သား အမျိုးသမီးတွေကို အခန်းတွင်း ပိတ်လှောင်ပြီး လက်နက်အပြည့်အစုံနဲ့ ထောင်ဝန်ထမ်း အမျိုးသား ၁၅၀ ထက်မနည်းက အခန်းထဲထိ ဝင်ရောက်ကာ အကြမ်း ဖက် ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက်မှုတွေကြောင့် အကျဉ်းသူတွေ ဒဏ်ရာ ရရှိခဲ့ရာမှာ ဦးခေါင်းကွဲသူ ၆ ဦး၊ နားရွက်ပြတ်ရှ ဒဏ်ရာ ရသူ ၂ ဦး၊ မျက်လုံးအနီး လေးခွမှန်သူ ၃ ဦး၊ လက်ကျိုးသူ တစ်ဦး၊ မျက်မှန်ကွဲပြီး မျက်လုံးထဲ မှန်စဝင်သူ တစ်ဦးနဲ့ လောက် လေးခွ ထိမှန် ဒဏ်ရရသူ ၇၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဖြစ်ပျက်ပြီးနောက်ပိုင်းမှာလည်း ဆေးဝါးကုသခွင့် နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ်တာ အခုချိန်ထိ ထောင်ဝင်စာပိတ်တာတွေအပြင် ထောင်ပြောင်း ရွှေ့တာတွေလုပ်နေတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။

အခုလိုဖိနှိပ်တာတွေဟာ အခုမဟုတ်ဘဲ ၂၀၂၁ ခုနှစ် ၆လပိုင်းလောက်ကတည်း က စစ်ကြောရေးတွေမှာ လိင်ပိုင်းဆိုင်ရာပြုလုပ်ခံရာတွေတွေရှိတဲ့အပြင် ထောင်ထဲရောက်နေတာတောင် ညပိုင်းတွေဆိုရင် ပြန်လာပြီးခေါ်တာတွေရှိတယ်လို့ နိုင်ကျဉ်းအမျိုးသမီးတွေက ရင်ဖွင့်ပြောဆိုတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

စစ်ကြောရေးမှာတင် နှိပ်စက်တာတင်မကပဲ ထောင်ကျနေတာတောင် ခေါ်ထုတ်သွားလိုက် ထောင်ထဲ ထည့်လိုက် ပြုလုပ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အမျိုးသမီးနိုင်ကျဉ်းတွေကို စစ်ဆေးပါက အမျိုးသမီးဝန်ထမ်းမပါဘဲ အမျိုးသားများကသာ စစ်ဆေးတာမျိုးပြီး စစ်ဆေးတဲ့အခါ မှာလည်း နိုင်ငံရေး အကျဉ်းသူတွေရဲ့ ရင်သားတွေကို ကိုင်တွယ်ပွတ်သပ်တာ တွေပြုလုပ်တဲ့ အပြင် အဝတ်အစားတွေ ချွတ်ထား ပြီး စစ်ဆေးတာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။

အိုးဘိုထောင်အတွင် ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူနှစ်ယောက်ရဲ့ မိခင်ဖြစ်သူပြောပြတာကတော့ သူတို့ သမီးနှစ်ဦးလုံး ထောင်ဝင်စာတွေ့ခွင့်မရတဲ့အပြင် ဖြစ်ဖြစ်ချင်းမှာ သတင်းအမှောင်ချခံထားရလို့ သမီးတွေရဲ့ ထိခိုက်ဒဏ်ရာမှုတွေလည်း မသိရဘူးလို့ပြောပါတယ်။

နောက်ပိုင်းကျမှ သမီးကြီးဖြစ်သူမှာ ထောင်တွင်းရိုက်နှက်မှုအတွင်း နှာရိုးကျိုးသွားတဲ့အပြင် ဓားနဲ့လည်းအထိုးခံထားရပြီး သမီးငယ်ကတော့ လက်ကျိုးသွားတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

လက်ရှိအချိန်ထိထောင်ဝင်စာမတွေ့သေးတဲ့အပြင် တစ်ယောက်ကို သာယာဝတီထောင်နဲ့ နောက်တစ် ယောက်ကို မကွေးထောင်ပြောင်းထားတယ်လို့ စုံစမ်းသိရှိရထားပေမယ့် ထောင်ဝန်ထမ်းတွေကတော့ ထောင်ပြောင်းတာကလွဲလို တိတိကျကျ ပြောဆိုထားမျိုးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသူနှစ်ဦးရဲ့ အမေဖြစ်သူကပြောပါတယ်။

ဒီလိုထောင်အတွင်း ဖိနှိပ်အကြမ်းဖက်မှုများကို ဥပဒေအရဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အမှုလိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေကိုယ်တိုင် မိမိလုံခြုံရေးအတွက် ကြိုးစားရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

တရားခွင်မှာ ရှေ့နေတွေဟာ လွတ်လပ်တဲ့မေးခွန်းကို မေးခွင့်မရှိဘဲတရားသူ ကြီး ရှေ့မှာတောင် ဖိအားပေးခြိမ်းခြောက်မှုတွေကြုံတွေနေရတယ်လို့ ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article