32 C
Yangon

အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်တပ်ကို ဗုံးဖြင့် တိုက်ခိုက်မှု သေဆုံးမှု များနိုင်

Must read

အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်တပ်ကို ဗုံးဖြင့် တိုက်ခိုက်မှု သေဆုံးမှု များနိုင်

ရန်ကုန်၊ မတ် ၂၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုမှ ပဲခူးရိုးမ ပေါ်သို့ ထိုးစစ်ဆင်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၀ ကောင်သေတယ်။ ထိတွေ့တိုက် ပွဲတွေ ကတော့ အခုထိဆက်ဖြစ်နေတယ်။ စစ်ခွေးတွေလည်း အင်အားတွေ ထပ်ဖြည့် နေတယ်လို့ကြားတယ်။ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာ ဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၅ တပ်စု ၂ မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တပ်က အထိနာသွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်း စောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှိဖျက်ဆီးလျက်ရှိပြီး နေအိမ် များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်လျက်ရှိသည်။

ထိုကျေးရွာများမှ အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှီု့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် ဘေးလွတ်ရာသို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိကြောင်း သိရှိရသည်။

စစ်တပ်က စစ်ကူအဖြစ် ဝိုင်းကျေးရွာသို စစ်ကား ၂ စီးစေလွှတ်ကာ တပ်စွဲ ထား ပြီး ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားရာ နေရာများသို လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာနှင့် အသေအချာ ကင်းပုန်းယူထားသည့် စစ်ကောင်စီဝင်များကို မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် လက်ပစ်မိုင်းနှင့်တိုက်ခိုက်ခဲ့ပြီး အထိ အခိုက် များ နိုင်ကြောင်း True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ဘန်ကာနားမှာနေနေတဲ့အချိန် ကျွန်တော်တို့က လျက်ဆားပုလင်း (လက် ပစ်မိုင်း)နဲ့ ရုံးရှေ့ကနေ ပစ်လိုက်တာဗျ။ ပစ်တဲ့အချိန် စစ်ခွေးတွေစုနေ တဲ့နား အနည်းဆုံး၆ကောင်လောက် ရှိနေတဲ့နေရာ ကို ကျသွားတယ်ဗျ။ သူတို့ ဘက်က အချက် ၃၀ လောက် ပြန်လည်ပစ်ခတ်ပုံအရ အထိခိုက်များမယ်ဗျ” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိ ဆုတ် ခွာ နိုင်ခဲ့ကြောင်း၊ True Fighterမြို့ပြ ပြောက်ကျား တပ်ဖွဲ့အနေဖြင့် အရှိန် အဟုန် တဆင့် မြှင့်၍ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရန် အတွက် ကံစမ်းမဲအစီစဉ်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီ ပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း ‌True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ- စစ်ကားများကို အဝါရောင်ဆေးသုတ်၍ ရွှေ့ပြောင်းနေသော အကြမ်း ဖက် စစ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article