30 C
Yangon

၁၀ တန်းစာမေးပွဲအပြီး ပြန်ထွက်လာသော ကျောင်းသားများထံသို့ စစ်တပ် ကောင်း ကြောင်း ဝါဒဖြန့် ကြော်ငြာစာများ ဝေငှ၊ လူငယ်များကို စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲ

Must read

၁၀ တန်းစာမေးပွဲအပြီး ပြန်ထွက်လာသော ကျောင်းသားများထံသို့ စစ်တပ် ကောင်း ကြောင်း ဝါဒဖြန့် ကြော်ငြာစာများ ဝေငှ၊ လူငယ်များကို စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲ

ရန်ကုန်၊ မတ် ၁၆

နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ပြန်ထွက်လာသည့် ကျောင်း သားများကို စစ်တပ် ကောင်း ကြောင်း ဝါဒဖြန့်ထားသည့် ကြော် ငြာစာ များကို ကျောင်းအဝင်အ၀များတွင် ဝေငှကြောင်း ကျောင်းသားမိဘများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ဇီ၀ဗေဒနှင့်ဘောဂဗေဒ ဖြေဆိုရသည့် နေ့တွင် နေပြည် တော် ရှိ ကျောင်းများရှေ့တွင် စစ်တပ် ကောင်းကြောင်း ရေးသားထားသည့် ဝါဒဖြန့် ကြော်ငြာစာများကို အရပ်ဝတ်များဖြင့် လူငယ်အများအပြားက လာရောက်ဝေငှခြင်းဖြစ်ကြောင်း သိရှိရသည်။

“အိမ်က သမီးက ဖေဖေတဲ့ သမီးတို့ကျောင်းရှေ့မှာ ဝေနေတာတဲ့ ဆိုပြီး ပြလို့ ကြည့်လိုက်တော့ စစ်ခွေး ကောင်းကြောင်း ရေးထားတာတွေ။ ကလေးတွေကို အဲဒီလို စာရွက်တွေလာဝေတာ တော်တော်ဒေါသထွက်ဖို့ကောင်းတယ်။ သမီးက ဝိဇ္ဇာတွဲဆိုတော့ နောက်နေ့ ထပ်ဖြေရမှာမို့ စာရွက်တွေ ထပ်ပေးရင် မယူဖို့ပြော လိုက်တယ်။ သမီးက ဖေဖေတဲ့ မယူရင်လည်း အတင်းလိုက်ထိုး ထည့် ပေး တာလို့ပြောတယ်” ဟု နေပြည်တော်မှ ကျောင်းသား မိဘတစ်ဦးက ပြောသည်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကမူ စစ်တပ်က လူငယ်များကို စိတ်ဓာတ် စစ် ဆင် ရေး လုပ်နေပြီး တော်လှန်ရေး၏ အရင်းအမြစ် လူငယ်မျိုးဆက်သစ်များကို အမှားများဖြင့် စည်းရုံးနေခြင်းဖြစ်သည်ဟုဆိုသည်။

“လူငယ်တွေကို ဆိုက်ဝါး သွင်းတာလို့ပဲ မြင်တယ်ဗျ အခုလည်း သူတို့ကို လူငယ် တွေ ကပဲအဓိကတော်လှန်နေတာလဲ ဒါကြောင့် လူငယ်တွေကို မဟုတ် တဲ့အကြောင်းအရာတွေနဲ့ စည်းရုံးတဲ့အရာတစ်ခုပါပဲဗျ ဒါပေမယ့် အခုလူငယ် တွေကို အရင်ကလို အမှားတွေနဲ့စည်းရုံးဖို့ မဖြစ်နိုင်တော့ပါဘူး လူငယ်တွေက ဒီစစ်တပ်ကို အယုံအကြည်မရှိတော့တာကတော့ သေချာနေပါတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်များအရ ရန်ကုန်နှင့် မန္တလေးရှိ စာသင်ကျောင်း များတွင်လည်း ၁၀ တန်းစာမေးပွဲအပြီး စစ်တပ်၏ ဝါဒဖြန့်ကြော်ငြာစာများကို လိုက်လံ ဝေငှမှုများရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article