28 C
Yangon

၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထား မှုများ ထပ်မံ ရပ်ဆိုင်းပြန်၊ နိုင်ငံကူးလက်မှတ်ရုံး ထဲ တွင် လည်း လာဘ်ပေး လာဘ်ယူမှုနှင့် ညှဉ်းဆဲမှုများဖြစ်

Must read

၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထား မှုများ ထပ်မံ ရပ်ဆိုင်းပြန်၊ နိုင်ငံကူးလက်မှတ်ရုံး ထဲ တွင် လည်း လာဘ်ပေး လာဘ်ယူမှုနှင့် ညှဉ်းဆဲမှုများဖြစ်

ရန်ကုန်၊ မတ် ၁

အကြမ်းဖက်စစ်ကောင်စီက Online Booking ဖြင့် နိုင်ငံကူးလက်မှတ်များ လျှောက် ထား ခွင့်ပြုထားရာ ၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထားမှုများကို ထပ်မံ ရပ် ဆိုင်း လိုက်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၈၀၄၉ ဦး၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက် နေ့အထိ ၄၄၈၀၁ ဦး စုစုပေါင်း ၃ ရက်အတွင်း လူပေါင်း ၅၂၈၅၀ ဦး နိုင်ငံကူး လက် မှတ်လျှောက်ထားပြီး မတ်လ ၂၈ ရက်နေ့ အထိ ရက်ချိန်းများ ခွင့်ပြု ပေး ထားကြောင်း၊ ယခုအခါ ငွေပေးချေမှုစနစ်ကို ပြန်လည် ပြင်ဆင်နေသည့် အတွက် ရက်ချိန်းအသစ် ရယူခြင်းကို ပြုလုပ်နိုင်မည်မဟုတ်ဘဲ ငွေပေးသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ပြန်လည် ရယူနိုင်မည်ဖြစ်ကြောင်း ‌ကြေညာ ထားသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ် လျှောက်ထားပြီး သွားရောက် ပြုလုပ်သူများလည်း နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအချိန် အထိ ရုံးထဲတွင် ခက်ခက်ခဲခဲတန်းစီ လုပ်ဆောင်နေရပြီး အတွင်းတွင် တန်းမစီလိုသူများအနေဖြင့် ငွေကြေးထပ်မံ ပေးသွင်းရခြင်း၊ လာဘ်ပေးလာဘ်ယူလုပ်ရကြောင်း၊ သာမန် ငွေမပေးဘဲ တန်း စီကြသည့် ပြည်သူများမှာ တာဝန် ရဲများ၏ ညှဉ်းဆဲ အချိန်ဆွဲခြင်းများ ကြုံ နေရကြောင်း သိရှိရသည်။

“အွန်လိုင်းမှာ လျှောက်ပြီးတော့ ရုံးမှာ မနက်ခင်း ၆နာရီတည်းကတန်းစီတာ ည ၁၁ နာရီ ၄၅ မိနစ်မှ ပြန်ရပါတယ်။ တန်းစစီတည်းကပိုက်ဆံ ၃သောင်းပေးရင် ရှေ့ခေါ်မယ် လည်ပတ်ဆွဲပေးမယ် တန်းဝင်လို့ရမယ်လိုက်ပြောပါတယ်။ အိတ် တွေကို ရုံးထဲမယူခိုင်းပါ။ အထဲမှာတန်းစီရတာဘာစည်းစနစ်မှမရှိပါ။ တန်းစီ ချင် သလိုစီရန်ဖြစ်နေကြတာမနည်းပါ။ ရဲတွေဘာအလုပ်မှမလုပ်ပါ။ အထဲမှာ ပိုက်ဆံ မပေးရတော့ အရမ်းညှင်းပါတယ်။ သရုပ်ဆောင် လွင်မိုးနဲ့ သူမြေးတန်း မစီပါဘူး။ တေးရေးဆရာ စောခူဆဲ တန်းမစီပါဘူး။ ဒါနာမည်ကြီးလူတွေပါ။ တစ်ယောက်က်ု နာရီဝက်လောက်ကြာအောင်အချ်န်ဆွဲပါတယ်။ ကင်မရာ ရိုက်တဲ့အခန်း ၈ခန်းလောက်ရှိပေမယ့် ၂ခန်းပဲ ဖွင့်ပါတယ်။ အလုံပိတ် အခန်း ထဲမှာ ပန်ကာလေး၂လုံးပဲဖွင့်ထားပါတယ်။ လူထောင်ချီရှိပါတယ်။ ချွေးနံ့တွေ လူနံ့တွေ အမှိုက်တွေ စုတ်ပြတ်နေတာပါပဲ။ အပြင်မှာ အိတ်အပ်ထားတာ လျှောက်ထားတာတွေက ညဘက်မှပြီးတော့ အိတ်အပ်ထားတဲ့ စျေးသည် တွေမ ရှိတော့ပါ။ အိတ်အပ်ထားသူတွေ အိတ်ပြန်မရတော့ပါ။ အိတ်တွေပဲ ပုံနေအောင်အပ်ထားတာရမှာပါ။ လုပ်စားဂွင်ပါ။ ညဘက်မှ အချ်န်ဆွဲ ပြီးအောင် လုပ်ပြီး အိတ်တွေဖြောင်လိုက်တယ်ထင်ပါတယ် မနက်စောစော လာလည်း ည နက်မှပြန်ရတာပါ။ ရုံးထဲမှာ လဖက်ထမင်းရောင်းသူ ထမင်းသုပ် ရောင်းသူ ရေသန့်ဗူးရောင်းသူတွေက သူတို့ဝန်ထမ်းတွေပါပဲ။ ပိုက်ဆံမပေးရလို့ လူတွေ ကိုသက်သက်ညှင်းထားတာပါ” ဟု နိုင်ငံကူးလက်မှတ် သွားရောက် လျှောက် ထားပြီး အခက်အခဲ ကြုံတွေ့ရသူ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- နိုင်ငံကူးလက်မှတ် ရပ်ဆိုင်းသည့် ကြေညာချက်နှင့် ရုံးထဲတွင် ည ၁၂ နာရီထိုးအထိ တန်းစီစောင့်ဆိုင်းနေရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article