လောင်းလုံးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် PTT၊ PTTEP တံဆိပ်ပါ ကုန်ပစ္စည်းများ မသုံးစွဲရေး ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ မတ် ၁
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် PTT၊ PTTEP တံဆိပ်ပါ ကုန်ပစ္စည်းများ မသုံးစွဲရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
PTTEPနှင့် PTT သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင် ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။