ကနီမြို့နယ်ရှိ မီးဘေးသင့် စစ်ဘေးရှောင် တောတွင်းစာသင်ကျောင်းတစ်ကျောင်း၌ စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မတ် ၂
ကနီမြို့နယ်ရှိ တောတွင်းစာသင်ကျောင်းတွင် ယနေ့ မတ် ၂ ရက်နေ့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာသင်ကျောင်းသည် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၂ ခုနှစ်အတွင်းက အိမ်ခြေ ၁၃၀ ကျော် မီးရှို့ခဲ့သော ကျေးရွာတစ်ရွာမှ ရွာလုံးကျွတ် စစ်ဘေးလွတ်ရာ တောတောင်များအတွင်း ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် စစ်ဘေးရှောင် မိသားစုများ၏ ကလေးငယ်များကို ပညာသင်ကြားနေခြင်း ဖြစ်သည်။
စာသင်ကျောင်းတွင် KG တန်းမှ G7အထိ ကလေးသူငယ်
၁၀၂ ဦးကို စေတနာ့ဝန်ထမ်း ၁၃ ဦးနှင့် CDM ပညာရေးဝန်ထမ်း ၃ ဦးမှ ပညာသင်ကြားပေးနေသည်။





