ယင်းမာပင်မြို့နယ်ရှိ အမေရေယာဥ် နတ်နန်း အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထိခိုက်သေဆုံး
ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမေရေယာဥ် နတ်နန်း အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကုန်းရွာနှင့် စားတော်ပြင်ရွာ အကြားရှိ အမေရေယာဥ်နတ်နန်း အနီး နေရာယူကာ တိုက်ခိုက်ခဲ့ပြီး အချိန် ၂ နာရီခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦး ထိခိုက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးသောကြောင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ ရဲဘော် ၁ ဦး အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ ULF (မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်များဖြစ်ကြသော DBTF၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊ရိုးမဖိုက်တာတပ်ရင်း(ဗိုလ်မုတ်ဆိတ်တပ်ခွဲ)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်းတိုက်ဂါးForce၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ B 21 (PDF)၊ MRDA တပ်ရင်း (Double K) မဟာမိတ်တပ်ပေ
