28 C
Yangon

စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်၊ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

Must read

စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်၊ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

ရန်ကုန်၊ မတ် ၁

အကြမ်းဖက် စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ် ဖြတ် ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေကာ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကျန်း မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာတိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို ဖမ်းဆီးနှိပ်စက်၍ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းနှင့် ချင်းပြည်နယ် ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက် တန်း သူနာပြု ဆရာမ ဒေါ်သဲသဲဝင်းကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာနမှ မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာတိုက်နယ်ဆေးရုံ၏ CDM သူနာပြုဆရာမဖြစ်သူ ဒေါ်မေဇွန်မိုးသည် တောထဲတစ်နေရာတွင် မွေးလူနာကုပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာစဉ် အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်၏ ခမရ (၆) စစ်ဆေးရေးဂိတ်တွင် PDF ရဲဘော် နှစ်ဦးနှင့်အတူ စစ်ဆေးခံရရာ အကြမ်းဖက်စစ်သားများက PDF ရဲဘော် နှစ်ဦးကို နေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သူနာပြုဆရာမမှာ ထွက်ပြေးပုန်းအောင်းခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က ဖမ်းမိသွားခဲ့ကာ စစ်ကြောရေးတွင် နှိပ်စက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကို ၎င်း၏ ဇာတိရွာဖြစ်သည့် ကသာမြို့နယ် မိုးဒါးကြီးကျေးရွာတွင်‌ နေထိုင်စဉ် အကြမ်းဖက်စစ်တပ်မှ ရွာသို့ စစ်ကြောင်းထိုးလာပြီး သူနာပြုဆရာမကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ ဖေဖော်ဝါရီ ၂ ၁ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် စစ်အာဏာသိမ်းချိန်မှစ၍ ၂ နှစ်တာကာလအတွင်း ဆေးရုံ/ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၉၀၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၇၈၀ ဦးကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ခြင်းသည်ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းကြောင်း NUG က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင် ရွက်ကြပါရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article