28 C
Yangon

ဘော်လခဲ စစ်တပ်လက်နက်ကြီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၁ လက်၊ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဘော်လခဲ စစ်တပ်လက်နက်ကြီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၁ လက်၊ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊မတ် ၂

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိ စစ်တပ် လက်နက်ကြီးကုန်းစခန်းကို တိုက် ခိုက်သိမ်းပိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၁ လက်၊ ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၆၀ နာရီခွဲခန့်က ဘော်လခဲမြို့နယ်အတွင်းရှိ ဘီပီ_၁၂ ၊ ကောက်ကောက် စခန်း အနီးရှိ စစ်ကောင်စီတပ် ခလရ ၁၃၅ ၊ ခလရ ၅၄ နှင့် အမြောက်တပ်အမှတ် ၃၆၀ တို့ အခြေပြု ထားသည့် တောင်ကုန်းပွိုင့်အမှတ် ၁၄၄၁ စခန်း ၂ ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း ၁ ၊ တပ်ရင်း ၅ နှင့် KNDF ပူးပေါင်းတပ်တို့မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး တပ်စုအခြေပြုထား သည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်ရရှိစခန်းအတွင်းမှ ၁၂ ၀ မမ လက်နက်ကြီး ၂ လက်၊ ၉ မမ သေနတ် ၁ လက်၊ အာပီဂျီ- ၇ လက်နက်ကြီး ၁ လက်၊ ငါးကျင်းမြီး စက်လတ် သေနတ် ၁ လက်၊ အမ်အေ -၂ သေနတ် ၃ လက်၊ အမ် အေ-၄ သေနတ် ၁ လက်၊အမျိုးအစား မသိရသေးသည့်လက်နက် ၂ လက်နှင့် ဗုံးသီးများ၊ ကျည်ဆံခဲ ယမ်းများ သိမ်းဆည်းရမိကြောင်း၊ စခန်း အတွင်း ၌ ပြန့်ကျဲကာ သေဆုံးနေသော အကြမ်းဖက်စစ်သား အလောင်း ၁၀ လောင်းကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ထို့သို့ ပထမစခန်း သိမ်းဆည်းမှုအပြီး နံနက် ၈ နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကို ဆက်လက်သိမ်း ပိုက်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၅ စင်းဖြင့် စက်သေနတ် များ၊ ဗုံးသီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုများကြောင့် KA ၊ KNDF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိ ခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးစခန်းကုန်းမှ သိမ်းဆည်းရရှိထားသော ၁၂၀ မမ လက်နက် ကြီးတစ်လက်ကိုလည်းချန်ထားခဲ့ရကြောင်း သိရသည်။

“ပထမစခန်းကုန်းသိမ်းပြီးတော့ နောက်ထပ်ကျန်တဲ့စခန်းကို သိမ်းပိုက်ဖို့ စီစဉ်နေတုန်း တိုက်လေယာဉ် ၅ စီးနဲ့လာပစ်လို့ ပြန်ဆုတ်ခဲ့ရတာ၊ ၁၂၀ မမ လက်နက် ကြီး တစ်လက်လည်း မသယ်နိုင်တော့ချန်ထားခဲ့ ရတယ်၊ ကျနော်တို့ဘက်ကလည်း တိုက်လေယာဉ်နဲ့လာတိုက်ခံရလို့ ကျဆုံးရဲဘော်တွေရှိပါတယ်၊ ဘယ်နှစ်ယောက်ကျလဲဆိုတာ အတိအကျမသိရသေးတာ၊ ပြီးတော့ KA ကရဲဘော်လား၊ KNDF က ရဲဘော်များ ဆိုတာ ခွဲခြားလို့မရသေးဘူး” ဟု ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပထမစခန်းသိမ်းဆည်းမှုအပြီး နံနက်၈ နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကိုဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ရန်နေစဉ် ပစ်ကူထောက်ကူမှုပြုရန် အနောက်ဖက်မှစစ်ဂျက်လေယာဉ် ၅ စီးတိတိ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်လည်းကောင်း၊ ဗုံးသီးများဖြင့်သော်လည်းကောင်း ပစ်ခတ်မှုပြုလာသဖြင့် ပြန်လည် ဆုတ်ခွာပေးရ​ကြောင်း သိရှိရသည်။

၁၂၀မမ လက်နက်ကြီး၂လက်ရှိသော်လည်း အခြေအနေရ(၁)လက်သာ ရယူနိုင်ခဲ့ပြီး တပ်စခန်း၏အပြင်ဖက်တွင် ၁ လက်ချန်ရစ်ခဲ့ကြောင်း၊ ကရင်နီတပ်မ​တော်ဘက်မှ စစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ် နယ်စပ်အနီးတွင် တိုက်ပွဲပေါင်း ၇ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်သား ၄၀ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီတပ်မ တော်(KA) စစ်သတင်းမှတ်တမ်းများ အရသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article