30 C
Yangon

လှည်းကူးတွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ဆရာကျောင်း(ခ) ကိုဝင်းစိုး၏ မိသားစုဖြစ်ပြီး ပျူစောထီးများ ကျူးလွန်သော စစ်ရာဇဝတ်မှုအတွက် လက်တုံ့ပြန်မည်ဟုဆို

Must read

လှည်းကူးတွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ဆရာကျောင်း(ခ) ကိုဝင်းစိုး၏ မိသားစုဖြစ်ပြီး ပျူစောထီးများ ကျူးလွန်သော စစ်ရာဇဝတ်မှုအတွက် လက်တုံ့ပြန်မည်ဟုဆို

ရန်ကုန်၊ မတ် ၂

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ဖြစ်များဖြစ်ပြီး တရားမျှတမှုအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Hawk Revolution Squad – HRSက တရားဝင် သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နယ်မြေတွင် အခြေပြုလှုပ်ရှားလျက်ရှိသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း HRS တပ်ဖွဲ့က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်း၊ မြို့ကြီးကုန်းဘက်တွင် နေထိုင်သူ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား၊ နီးဖြစ်သူ မဝင်းနွယ်၊ အသက် ၈၅ နှစ်အရွယ် အဖိုးဖြစ်သူ ဦးအောင်မောင်း၊ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့၊ ဒေါ်စန်းနွဲ့ ၏ သားဖြစ်သူ ဦးမောင်မောင် တို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများမှ နေအိမ်အ တွင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြစ်မဲ့မိသားစုအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်မှုသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု(Crime Against Hunamity)နှင့် စစ်ရာဇဝတ်မှု(War Crime) ကို ပြောင် ပြောင်တင်းတင်း ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း Hawk Revolution Squad – HRS ထုတ်ပြန်ပြောကြား သည်။

ဆရာကျောင်း(ခ)ကိုဝင်းစိုးသည် နေအိမ်မှ ထွက်လာခဲ့သည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး အဆက် အ သွယ်မလုပ်ဘဲ ဖြတ်တောက်ထားကြောင်း၊ စစ်မှုထမ်း ဟောင်း ပျူစောထီးများမှ သတ်ဖြတ်ချိန်တွင် ကျောင်းဆရာ PDF မိသားစုဝင်များ ဟုတ်၊ မဟုတ် မေးမြန်းအတည်ပြုကာ သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။

Hawk Revolution Squad – HRSတပ်ဖွဲ့ဝင် ရဲဘော်ရဲဘက်များနေဖြင့် ဆရာကျောင်း(ခ)ကိုဝင်းစိုးနှင့် မိသးစု ၅ ဦးအတွက် “သွေးကြွေးနှင့်တရားမျှတမှု”ကို မရရအောင် ပြန်တည်တောင်းယူမည်ဖြစ်ကြောင်း ကတိသစ္စာပြုကာ ကြေညာချက်ထုတ်ပြန်ဖြစ်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်တော်သား စစ်လော်ဘီများက လှည်းကူးတွင် ကိုဝင်းစိုး၏ မိသားစုဝင် ၅ ဦးကို ပစ်ခတ်သတ်ဖြတ်မှု လုပ်ဆောင်ပြီးနောက် PDF က သတ်ဖြတ်သည်ဟုဆိုကာ သတင်းမှားများ၊ ဝါဒ ဖြန့်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့သော်လည်း စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက PDF မိသားစု ဝင်များကို သတ်ဖြတ်သည့် လူသတ်ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က ရက်ပိုင်းအတွင်း အတည်ပြု ဖော် ထုတ်နိုင်ခဲ့သည်။

ဓာတ်ပုံ- စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော မိသားစုဝင် ၅ ဦး၏ ရုပ်အလောင်းများကို သဂြိုလ်ပြီးနောက် အရိုးပြာအိုးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article