23 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်တဲ့ ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီ နဲ့ လုပ်ငန်းခွင်ကို မတ်လ ၁ ရက်နေ့မှာ PDF တပ်ဖွဲ့တွေက နေ ဝင်ရောက်စီးနင်းပြီး ပိတ်ပင် တားဆီးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နဲ့ ဒက္ခိဏ သီရိမြို့နယ်အစပ်က ချိုင်းကျေးရွာလမ်းဆုံ စစ်ဆေးရေး ဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦးထက် မနည်းသေနိုင်တယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတတယ်။

– ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ နဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အပါအဝင် မြန်မာ့ အရေး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ၊ မရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် Noeleen Heyzer ကနေ လုံခြုံရေးကောင်စီကို တင်ပြအစီရင်ခံမယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article