30 C
Yangon

ချောင်းဦးမြို့နယ်တွင် အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ခင်မွန်ကျေးရွာကြီးကို စစ် တပ်က ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာကို မီးရှို့၊ လူသားဒိုင်း ဓားစာခံ အဖြစ် ပြည်သူများကို ဖမ်းဆီးထားပြီး ပိတ်မိနေသူများလည်းရှိနေ

Must read

ချောင်းဦးမြို့နယ်တွင် အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ခင်မွန်ကျေးရွာကြီးကို စစ် တပ်က ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာကို မီးရှို့၊ လူသားဒိုင်း ဓားစာခံ အဖြစ် ပြည်သူများကို ဖမ်းဆီးထားပြီး ပိတ်မိနေသူများလည်းရှိနေ

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာကို မီးရှို့၊ ပြည်သူများကို လူ သားဒိုင်း ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး ပိတ် မိနေသော ပြည်သူများလည်းရှိနေကြောင်း ချောင်းဦးဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှစတင်ပြီး ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ အရှေ့၊ အနောက် အင်အား ၃၀ စီ ခွဲ၍ စစ်ကြောင်း ၂ ကြောင်းဖြင့် ပစ်ခတ်ဝင်ရောက်လာကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၁ နာရီဝန်း ကျင် မှစတင်၍ ခင်မွန်ကျေးရွာကို မီးတင်ရှို့နေကြောင်း သိရှိရသည်။

” ခင်မွန်ရွာ အနောက်ခြမ်းကို အကြမ်းဖက် စစ်ခွေးတွေက မီးတင်ရှို့နေပါတယ် ။ ‌ပြည်သူအများအပြား ပိတ်‌မိနေပြီး ရွာထဲမှာလည်း လက်နက်ကြီးတွေ၊ သေ နတ်တွေ ဆက်တိုက်ပစ်ဖောက်နေပါတယ်။ လောလောဆယ်အထိ ရွာတွင်း အခြေ အနေအတိအကျကို မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြော ဆိုသည်။

ခင်မွန်ကျေးရွာသည် ချောင်းဦးမြို့နှင့်ကပ်လျက်ရှိသော ကျေးရွာဖြစ်ပြီး မြို့နီးပါး အရွယ်အစားကြီးမားသည့် အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ရွာကြီးဖြစ်ကြောင်း သိ ရှိရသည်။

“ချောင်းဦးမြို့ နဲ့ကပ်ရပ် တကယ့်နီးနီးလေး ကျေးရွာက ။ အိမ်ခြေ ၂၀၀၀ ကျော်လောက်ရှိတယ်။ မီးက လောင်နေတဲ့အချိန် လေကပါတိုက်နေတော့ မီးလောင်တာ အတော်ကိုပါနေပြီ။ ဖမ်းဆီးခံရသူတွေလည်းရှိသလို ပိတ်မိနေသူလည်း ရှိတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article