ကလေးမြို့တွင် စစ်တပ် ပစ်သတ်ခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၃
ကလေးမြို့တွင် စစ်တပ် ပစ်သတ်ခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့အဖြစ် ယနေ့ မတ်လ ၃ ရက်နေ့တွင် ကလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ကလေးမြို့ ပင်မသပိတ် အင်အားစုနှင် ကလေး ဒေသ ကျောင်းသား လူထု တရပ်လုံးနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။


