အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “စကစတွေမှာ ရာထူး ဥစ္စာ စည်းစိမ်တွေ မပျက်စီး မဆုံးရှုံးသေးပေမယ့် ကိုယ်ကျင့်တရားက လုံးဝ ပျက်သွားပြီ။ သူတို့ကို ငရဲက ကြိုဆိုနေကြလို့ ပြည်သူတွေ အားတင်းထားပါ” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။



