လောင်းလုံးတွင် ကျောင်းသား၊ ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ်လ ၅
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)မှ ကျောင်းသား လူငယ်များနှင့် ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်စို့” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။


