ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်း
ရန်ကုန်၊ မတ် ၆
ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို နော်ဝေ CRPH အဖွဲ့၊ ကိုရီးယား-မြန်မာ လူငယ် JSS groupနှင့် စင်္ကာပူမှ အလှူရှင်များ၏ ကူညီ လှူဒါန်းသည့် စားနပ်ရိက္ခာနှင့် ငွေကြေးများတို့ကို ထောက်ပံ့လှူတန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စားနပ်ရိက္ခာနှင့် ငွေကြေးများကို စစ်ဘေးရှောင် ပြည်သူများထံ OAK AWE UG SALAY အဖွဲ့မှ ဦးဆောင်ပြီး မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေး တပ်ဦး (B.H.S.R.F) နှင့်တိုက်မောင်း LPDF အဖွဲ့တို့မှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။



