ကလေးတွင် “စစ်တပ်ထုတ်ကုန်မှန်သမျှ စစ်ကိုင်းတိုင်းမှာ မရှိစေရ” စာတန်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်
ရန်ကုန်၊ မတ် ၉
ကလေးမြို့တွင် ကလေးမြို့ပင်မသပိတ်နှင့် ပြည်သူများပူးပေါင်းပါဝင်၍ “စစ်တပ်ထုတ်ကုန်မှန်သမျှ စစ်ကိုင်းတိုင်းမှာ မရှိစေရ” စာတန်းကိုင်စွဲပြီး ယနေ့ မတ် ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။