25 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာတွင် သတင်းပေးဟု သတ်မှတ်ခံရသူ နေလင်း ပစ်ခတ်ခံရပြီး သေဆုံး၊ သိမ်ဇရပ်တွင် စစ်ဗိုလ်၏ မိခင်၊ စစ်မှုထမ်း မြစိုး၏ ဇနီး ခင်မြဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာတွင် သတင်းပေးဟု သတ်မှတ်ခံရသူ နေလင်း ပစ်ခတ်ခံရပြီး သေဆုံး၊ သိမ်ဇရပ်တွင် စစ်ဗိုလ်၏ မိခင်၊ စစ်မှုထမ်း မြစိုး၏ ဇနီး ခင်မြဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာတွင် သတင်းပေးဟု သတ် မှတ်ခံရသူ နေလင်း ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာတွင် သတင်းပေးဟု သတ်မှတ်ခံရသူ နေလင်းကို လင်းလက်ကြယ် UG အဖွဲ့ နှင့်TKF(Truth Keeping Force)အဖွဲ့တို့က ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ် ကြောင်း၊ စစ်တပ်သတင်းပေး နေလင်းက စစ်တပ်နှင့်ပူးပေါင်းခြင်း၊ PDF များ ကို ငွေ‌ကြေးထောက်ပံ့သူအဖြစ် အသွင် ယူပြီး သတင်းအချက်အလက်များကိုရယူကာ စစ်တပ်ကို သတင်းပေးခြင်း၊ စစ်တပ်အတွက် အလုပ်လုပ်ခြင်း၊ ရပ် ရွာမှ အများပြည်သူများကို ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း တော်လှန်ရေး အဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။

အလားတူ မတ်လ ၉ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ် ကွင်းကျေးရွာတွင် စစ်ဗိုလ်၏ မိခင်လည်းဖြစ်၊ စစ်မှုထမ်း၏ ဇနီးဖြစ်သူ ခင်မြဝင်း(ခ)မြဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၉ ရက်နေ့ ညပိုင်းတွင် ဝါးဒကွင်းကျေးရွာရှိ ရာဘာခြံထဲတွင် ခင်မြဝင်း (ခ) မြဝင်း ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ်ခတ်မှုသည် Local PDF Theinzayat အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ခင်မြဝင်း(ခ) မြဝင်းသည် သိမ်ဇရပ်အခြေဆိုက် ၂၀၇ တပ်မှ စစ်ဗိုလ်၏ အမေ၊ စစ်သား မြစိုး၏ဇနီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သိမ်ဇရပ်မှ စစ်ဗိုလ်၏ မိခင်လည်းဖြစ်၊ စစ်မှုထမ်း၏ ဇနီးဖြစ်သူ ခင်မြဝင်း(ခ)မြဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားစဉ်။

Photo- Kyaikhto Information Team

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article