နယူးယောက်မြို့တွင် ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း” ရုပ်ရှင်ပြသရာ ရုံပြည့် ကြည့်ရှုအားပေး
ရန်ကုန်၊ မတ် ၁၂
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း” ရုပ်ရှင်ကို Zukar Theatre Kaufman Astoria Studio တွင် မတ်လ ၁၁ ရက်နေ့၌ ၄ ပွဲဆက်တိုက်ပြသခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် တကွ မြန်မာပြည်ဖွားပြည်သူများ ရုံပြည့် ရုံလျှံ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။





