ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများလှူဒါန်း
ရန်ကုန်၊ မတ် ၁၂
ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ ယနေ့ မတ်လ ၁၂ ရက်နေ့တွင် စားသောက်ကုန် ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အိမ်ထောင် ၃၈၆ စုအတွက် တစ်အိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံး ၁ လုံး၊ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ဆန် ၁ ပြည် ၊ဆီ ၅၀၊ ငါးသေတ္တာ ၁ ဘူးတို့ လှူဒါန်းခဲ့ကြောင်း သိရသည်။