ထိုင်းနိုင်ငံတွင် ပြသသည့် “လွတ်လပ်ခါမှ အမျှဝေမယ်” တော်လှန်ရေးရုပ်ရှင်ကို ပြည်သူ ၁၀၀၀ ကျော် လာကြည့်ပြီး အချိန်ခွဲပြသရ
ရန်ကုန်၊ မတ် ၁၂
ထိုင်းနိုင်ငံတွင် ပြသသည့် “လွတ်လပ်ခါမှ အမျှဝေမယ်” တော်လှန်ရေးရုပ်ရှင်ကို ယနေ့ မတ်လ ၁၂ ရက်နေ့ ပြည်သူ ၁၀၀၀ ကျော် လာကြည့်ပြီး အချိန်ခွဲပြသရကြောင်း သိရှိရသည်။
ဒါရိုက်တာ ကိုစိန်သီး၊ ကိုအောင်သော် တို့ အဓိက အစီအစဥ်ရိုက်ကူးသော “လွတ်လပ်ခါမှအမျှဝေမယ်” ရန်ပုံငွေရုပ်ရှင် ဇာတ်ကားကို KTJ Sporting Group က တာဝန်ယူပြီး ထိုင်းနိုင်ငံ ဘန်ကောက် ဖုထုန်မုထုန် စိုင်းစီ Spann Sport ဘောလုံးကွင်း တွင်းပြသာ ရာ လူအင်အားတစ်ထောင်ကျော် တတ်ရောက်ခဲ့ကြခြင်းဖြစ်သည်။