ဂျာမနီနိုင်ငံတွင် ရောင်နီလာရာလမ်း”မှတ်တမ်း ရုပ်ရှင်နှင့် တော်လှန်ရေးစျေးရောင်းပွဲတော် ပြုလုပ်
ရန်ကုန်၊ မတ် ၁၂
ဂျာမနီနိုင်ငံ Frankfurt မြို့တွင် ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း”မှတ်တမ်း ရုပ်ရှင်နှင့် တော်လှန်ရေးစျေးရောင်းပွဲတော်ကို ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ပွဲတော်သို့ ဂျာမနီနိုင်ငံရှိ Community များမှ တော်လှန်ရေးထောက်ပို့လုပ်ဆောင်နေသူများနှင့် CRPH, NUG Support Team Germany Working Group မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။