ဖားကန့်မြို့နယ် ဒုလ၀က ဦးစီးမှူး ဝေမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ မန္တလေးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ လင်မယား ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မတ် ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဒုတိယ လ၀ကဦးစီးမှူး ဝေမြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဖားကန့် ပြည်သူများက ပြောသည်။
မတ်လ ၁၂ ရက်နေ့ မွန်းတည့် ၁ နာရီအချိန် ဖားကန့်မြို့နယ်၊ မှော်ဝှမ်းရပ် ကွက် ရှိ ဝန်ထမ်းလိုင်း နေအိမ်တွင် အမည်မသိ သေနတ်သမားများ လာရောက်ပသ်ခတ်သဖြင့် ဖားကန့်မြို့နယ် ဒုတိယ လ၀ကဦးစီးမှူး ဝေမြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ လဝက ဒုဦးစီးမှုး ဝေမြင့်သည် သေနတ် ၂ ချက် ထိမှန်ပြီး ရုပ်အလောင်းကိုဖားကန့်ဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ ဖားကန့်မြို့တွင်းတွင် စစ်တပ်က စစ်ဆေးမှုများ တင်းကျပ်နေကြောင်း သိရှိရသည်။
အလားတူ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်ကုန်းရပ်ကွက် ၁၁၆ လမ်း ၊ ၅၇/၅၈ လမ်းအကြား တွင် တော်လှန်ရေးရဲဘော်များကို ထောင်ဖမ်းခြင်းများ လုပ်ဆောင်သူ၊ ရပ်ကွက်ရုံးတွင် အုပ်ချုပ်ရေးမှူးနေရာ ရယူရန် ကြိုးစားနေသော ကညန ပွဲစား သိန်းသန်းစိုး နှင့် ဇနီးကို STF-MDY က ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း Special Task Force – Mandalay(STF -MDY)က သတင်းထုတ်ပြန်သည်။
