CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် မြန်မာ့ဒီမိုကရေအရေးအတွက် အရေးပါသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်၊ အဖွဲ့များနှင့်တွေ့ဆုံ ဆွေးနွေး
ရန်ကုန်၊ မတ် ၁၃
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မြန်မာ့ဒီမိုကရေအရေးအတွက် အရေးပါသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးကြောင်း CRPH က တရားဝင် သတင်းထုတ်ပြန်သည်။
မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အတွင်း ဦးအောင်ကြည်ညွန့်သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနှင့် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေးနှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးသွားရောက်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Chris Van Hollen ၊ National Democratic Institute (NDI) ၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရှိရသည်။