24 C
Yangon

တောင်ပိုင်းစစ်ဒေသရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် PDF ရဲဘော်များ အတွက်​ သင်ခန်းစာများ ပြန်လှန်လေ့ကျင့်ခန်း အစီအစဥ် ပြုလုပ်

Must read

တောင်ပိုင်းစစ်ဒေသရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် PDF ရဲဘော်များ အတွက်​ သင်ခန်းစာများ ပြန်လှန်လေ့ကျင့်ခန်း အစီအစဥ် ပြုလုပ်

ရန်ကုန်၊ မတ် ၁၄

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် PDF ရဲဘော်များ အတွက်​ သင်ခန်းစာများ ပြန်လှန်လေ့ကျင့်ခန်း အစီအစဥ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ခန်း အစီအစဥ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ Zoom ​Platform ဖြင့် မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘာသာရပ်အလိုက် မေးခွန်းဟောင်းများကို သင်ကြားပေးခြင်း၊ သင်ကြားခဲ့ရသော ဘာသာရပ်များကို ဆွေးနွေးခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ နမူနာ မေးခွန်းပုံစံများကို ရှင်းလင်းသင်ကြားပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန​၏ ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်မှလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ​အတွက် ငွေကျပ် ၁၀ သိန်းတိတိကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article