ရန်ကုန်၊ ရွှေပြည်သာမြို့နယ်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၁၄
ရန်ကုန်၊ ရွှေပြည်သာမြို့နယ် အထက ၁ ကျောင်းရှေ့တွင် သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ ရွှေပြည်သာကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ အထက ၆ ရွှေပြည်သာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။