အရာတော်မြို့နယ်တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မတ် ၁၅
အရာတော်မြို့နယ်တွင် ယနေ့ မတ်လ ၁၅ ရက်နေ့၌ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင် ကော်မတီမှ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက်ပွဲကို မုံရွာ လူထုသပိတ် ဦးဆောင်ကော်မတီ၊ တကသများ ရန်ကုန်၊ နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဝက်လက်မြို့နယ် အခြေခံကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ၀င်များပါ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။