ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ် ကြောင်း ထိုးနေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရ
ရန်ကုန်၊ မတ် ၁၆
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်း ၃ ကြောင်းဖြင့် စီးနင်းနေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက် ပြေးနေရကြောင်း ပေါက်မြောက်ပိုင်း ကာကွယ် ရေး အဖွဲ့မှ ဗိုလ်လရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် မြောက် ပိုင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး လျက်ရှိကြောင်း၊ ကျေးရွာ ၉ ရွာမှ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိ က္ခာများ လိုအပ်နေကာ အလွန်ဒုက္ခရောက်နေကြောင်း သိရှိရသည်။
လက်ရှိချိန်ထိ ကမ်းပျိုရွာ၊ မုန်းတောရွာ၊ အင်းယာရွာ၊ ဆူးလေကုန်းရွာ၊ အင် ပင်ရွာ၊ လယ်ဘဲ့ရွာ၊ ရေတိမ်ရွာ၊ သီးချောက်ရွာနှင့် မြို့ခင်းသာရွာမှ ပြည်သူ ၆၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသောကြောင့် စားနပ် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
” ထွက်ပြေးတိမ်းရှောင် ရတာ အချိန် တော်တော် ကြာလာတော့ ပြည်သူ တွေလည်း စားနပ်ရိက္ခာလိုလာတယ်။ တချို့ရွာတွေက ပြန် ဝင် လို့ရတယ်။ အခု ကျန်နေတာက ၉ ရွာလောက်ရှိတယ်။ စစ်ခွေးတွေ က ခြေရှုပ်နေတော့ ရွာမပြန် နိုင်ဘူး။ အရင်က စစ်ကြောင်းထိုးရင် စစ်ခွေး အင်အားက ၈၀ ၀န်းကျင် လောက် ပဲရှိတာ။ စစ်အုပ်ချုပ်ရေး ကြောညာပြီးတဲ့နောက် စစ်ကြောင်းထိုးရင် အင်အား ၂၀၀ကျော် တွေနဲ့စစ်ကြောင်းထိုးနေတာ”ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့ မှ ဗိုလ်လရောင်က ပြောဆိုသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက် နေ့ တို့တွင် စံဖဲရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။