ရန်ကုန်မြို့ တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားလူငယ်များက ဟောပြော ဆန္ဒပြ
ရန်ကုန်၊ မတ် ၁၈
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် ယနေ့ မတ်လ ၁၈ ရက်နေ့ စစ်အာဏာရှင် ဆန့် ကျင် ရေး ကျောင်းသားလူငယ်များက ဟောပြော ဆန္ဒပြကြကြောင်း သိရှိ ရသည်။
ယနေ့မတ်လ ၁၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ (ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်း၍ ရန်ကုန်မြို့၏ လူထူထပ်သောစျေးတစ်နေရာတွင် ပြည်သူလူထု အကြား သပိတ်တရားဟောကြားခြင်းပြုလုပ်ခဲ့ပြီး ” ဗမာပြည်တော်လှန်ရေး ရဲ့သွေးခင်း လမ်းဟာတိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ” ဘန်နာစာသား ကိုကိုင် ဆောင်၍ချီတက်သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။


