ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၁၈
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ မတ်လ ၁၈ရက် နေ့၌ ဒေသပြည်သူများက KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းမာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ တရားမဝင် ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖြတ်ကြ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။


