24.9 C
Yangon

ရေစကြို၊ မီးလောင်ကျွန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး

Must read

ရေစကြို၊ မီးလောင်ကျွန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း မြောင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများကို ချက်ပြုတ်ကျွေးသည့် ဦးမောင်ဟန်ကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့တွင် စိတ်ရောဂါခံစားနေရသည့် မီးလောင်ကျွန်းရွာသား မောင်မြတ်စိုးဦးကို PDF တပ်ဖွဲ့ အင်္ကျီဝတ်ဆင်ခိုင်းပြီး ဓားဖြင့် ခုတ်သတ် သွားကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ဖုန်းများ၊ ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံများကို ခိုးယူခဲ့ပြီး၊ ၎င်းတို့ ကျေးရွာဘုန်းကြီးအတွင်း ဖမ်းဆီးထားသည့် ပြည်သူများဆီမှလည်း ဖုန်းများ၊ ရွှေငွေများကို ယူဆောင်သွားကြောင်း၊ စစ်တပ် စစ်​ကြောင်း ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာချိန်၌ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးပြီး ပြည်သူပိုင် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

” ၁၉ ရက်နေ့မှ မီးလောင်ကျွန်းရွာကို စစ်ခွေးတွေ ပစ်ခတ် စီးနင်းတယ်။ စစ်ဘေးရှောင် ပြည်သူတွေကို ချက်ပြုတ်ကျွေးမွေးတဲ့ မီးလောင်ကျွန်းရွာသား ဦးမောင်ဟန်ကို စစ်သားကို ဖမ်းဆီး ပစ်သတ်သွားတယ်။ မတ်လ ၂၀ ရက်နေ့မှာ စိတ်ရောဂါသည် မောင်မြတ်စိုးဦး PDF တပ်ဖွဲ့ အင်္ကျီ ဝတ်ဆင်ခိုင်းပြီး ဓားနဲ့ခုတ်သတ်သွားတယ်” ဟု မြောင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြောင်မြို့နယ် ပန်းညိုကျေးရွာသို့ စစ်ကြောင်းထိုးနေပြီး မြစ်ဆုံ အရှေ့ဘက် ချောက်တည်းတွင် ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article