25 C
Yangon

ထားဝယ်ရှိ ဘုရားမဲ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

ထားဝယ်ရှိ ဘုရားမဲ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဘုရား မဲကျေးရွာရှိအကြမ်းဖက်စစ်တပ်ဂိတ်ကို ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)၊ DGRF (ထားဝယ်-ပကဖ) နှင့် ဧဒင်မှူးတပ်ဖွဲ့(ထားဝယ်-ကပဖ)တို့ပူးပေါင်းကာ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်တိုက်ခိုက်မှု ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း သိရသည်။

“မျက်မြင် ၂ ကောင်ကျတယ်၊ စစ်ဆေးရုံရောက်မှ နောက်ထပ် တစ်ကောင်ကျတယ်၊ စုစုပေါင်း ၃ ကောင် သေဆုံးပါတယ်၊ လက်နက်ကြီးက ခွေးစခန်းရဲ့စက်ကလေး ထိုင်တဲ့နေရာပေါ် ကျရောက်ပေါက်ကွဲ အတွက် စက်ကလေး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်၊ ဒဏ်ရာတဲ့ခွေးအရေအတွက်တော့ အတည်မပြုနိုင်သေးပါဘူး” ဟု ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို အရေးပေါ်လူနာတင်ယာဉ် ၂ စီးဖြင့် ထားဝယ်မြို့၊ အိမ်ရှေ့ ပြင်ရပ်ကွက်ရှိ အကြမ်းဖက်စစ်သားများ ဆေးကုသရာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ တိုက်ပွဲအ တွင် အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ မြနန္ဒာတောင်ဘက် မတောင်တံတားအနီး တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသော Double cup 4 wheels တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တကောင်း PDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့‌ ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့က သပိတ်ကျင်းမှ တကောင်းမြို့သို့ တက်လာသော အကြမ်းဖက်စစ်သား များ လိုက်ပါလာသည့် Double cup 4 wheels တစ်စီးကို တကောင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စစ်ခွေးထိခိုက်သေဆုံးမှုတော့ မသိရသေးပါဘူး၊ ထိတော့ ထိမှာပဲ၊လိုက်ထရပ်ကားဆိုရင် နောက်အုမ် ကိုင်းပါ ကျွတ်ထွက်သွားတာ၊ Double Cup ကတော့ မသိရသေးဘူး၊ ကားက တကောင်းမြို့ထဲဝင် သွား တယ်” ဟု တကောင်း PDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့‌ ပြောကြားသည်။

အလားတူ မတ်လ ၁၈ ရက်နေ့တွင် တကောင်းမြို့မှ ကင်းပတ်ရန် အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက် ပါလာသည့် Light truck ကားတစ်စီးကို နောင်လုံတံတား အနောက် မိုးကောင်းဦးဝင်ပေါက် အနီးတွင် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့(ရပ်ကျေးပကဖ)တို့ပူးပေါင်းပြီး မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article